Wednesday 27 July 2011

ဗမာနိုင်ငံရေး ပထမစခန်း

  အိန္ဒိယ၏ နိုင်ငံရေးအဆင့်အတန်းသည် တော်တော်မြင့်၍ ပြင်းထန်လျက်ရှိနေပြီးဖြစ်သော်လည်း ဗမာပြည် ၀ိုင်အမ်ဘီအေအသင်းများမှာကား ထိုချိန်အခါကဆိုလျှင် ဂျော့ဘုရင်မင်းမြတ် ဘုန်းတော်ကြီး၍ သက်တော်ရှည်ပါစေဟု ဆုတောင်းပတ္တနပြုလျက်သာ ရှိပေသေးသည်။ 

 အိန္ဒိယပြည်တွင်လည်း နိုင်ငံရေးမူလဘူတအသင်းကြီးဟု ဆိုအပ်သော ကွန်ဂရက်အသင်းကြီးသည် ၁၈၈၅-ခုနှစ်တွင် အေအိုဟွမ်းဆိုသူ အင်္ဂလိပ်လူမျိုးတဦးက စတင်းတည်ထောင်ခဲ့ရာမှ အခြေအနေအရပြောင်းလဲပြီးလျှင် ၁၉၂၀-ခုနှစ်၌ မဟတ္တမဂန္ဒီကြီး၏ သွေးထွက်သံယိုမဖြစ်သော အာဏာဖီဆန်မှူအတွက် ယခုခေါင်းဆောင်ကြီးနေရှုးနှင့်တကွ ကွန်ဂရက်အသင်းသား ၃၀၀၀-ကျော် ထောင်ကျခဲ့ကြသည်။  

ထိုနည်းတူပင် ဗမာပြည် ၀ိုင်အမ်ဘီအေအသင်းများသည်ထိုစဉ်က ကာလံဒေသံ အဂ္ဂံဓါနံဟု ဆိုသကဲ့သို့ မီးစင်ကြည့်၍ ကခဲ့ကြ၏။ 

မြန်မာသက္ကရာဇ် ၁၂၉၄-ခုနှစ်တွင် အင်္ဂလိပ်လူမျိုး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး အရှင်အသောကဟူ၍ ပေါ်ပေါက်ရာ ထိုပုဂ္ဂိုလ်က လောကအရေး၊ ဓမ္မအရေး ဟောပြောသဖြင့် ပုသိမ်မြို့တွင် အသောကအသင်းဟူ၍ ပထမပေါ်ပေါက်ပြီး နောက်မှ ၀ိုင်အမ်ဘီအေဟု ထိုနည်းကိုလိုက်၍ ပထမပေါ်ပေါက်ပြီး နောက်မှ ၀ိုင်အမ်ဘီအေဟု ထိုနည်းကိုလိုက်၍ ထွင်ကြခြင်းဖြစ်လေသည်။ နှစ်စဉ်ကျင်းပသော ထိုအသင်းများ၏ ကွန်ဖရင့်များ၌ ဂျော့ဘုရင်မင်းမြတ်ကို ဘုရားသခင်စောင့်မပါစေဟု၍ ဆုတောင်းပတ္တနာပြုကြသည်။
             
 ၁၉၁၅- ခု၊ အောက်တိုဘာလ ၂၆ ရက်နေ့ ၀ိုင်အမ်ဘီအေ ကွန်ဖရင့် ဆုံးဖြတ်ချက်အပိုဒ် ﴿နှင့် () တွင် ရတနာသုံးပါး ဦးထိပ်ထားပြီးလျင် အရှင်အင်္ဂလိပ်အစိုးရမင်းတို့နှင့်တကွ ဂျော့ဘုရင်နှင့် မေရိမိဖုရားခေါင်းကြီးတို့သည် ဘုန်တော်ကြီး၍ သက်တော်ရာကျော် ရှည်နိုင်ပေါစေသားဟု ဆုတောင်းပတ္တနာပြုကြသည်။ 

စတုတ္တအကြိမ် ဟင်္သာတမြို့ကွန်ဖရင့်တွင် ဦးမေအောင် ကနာယကအဖြစ်ဆောင်ရွက်၍ ဥက္ကဌမိန်းခွန့်၌ဘုန်းတော် အလွန်တရာကြီးမြတ်တော်မူသော လက်နက်စင်္ကြာသခင်၊ မြေပြင်ရေပြင်ဝေဟင်ပတ်ကုန်း၊ ကပ်အလုံး၌ မြတ်ဘုန်းဝဇိန်၊ ရန်များနှိမ်သော၊ အရိန္ဒမာ၊ စင်္ကြာအပါးပါးတို့၏အသျှင်၊ ရွှေတွင်းငွေတွင်း၊ ပယင်းပတ္တမြား၊ အပါးပါးသော၊ ကျော်မျိုးအစုစု၊ သတ္တုရတနာအမျိုးမျိုးနှင့်တကွ မနောမယ၊ အနော၊ ရတနာ အပေါင်းတို့၏သခင် ပဉ္စမမြောက် ဂျော့ဘုရင်အရှင်ဧကရာဇ် မင်းမြတ်ကြီးဘုရားနှင် ကိုယ်ပွားတော်အစစ်ဖြစ်တော်မူသော တိုင်းပြည်၊ ခရိုင်၊ နိုင်ငံအလုံးကို ကျုံ၍ ခေါင်းဆောင်၊ ကောင်းအောင်ရည်ကြံ၊ ထက်သောဥာဏ်ဖြင့်၊ စီမံအုပ်ချုပ်တော်မူသော ဗြိတိသျှနိုင်ငံတော်ကြီး အစိုးရမင်းတို့၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေသောအားဖြင့် ရွှေပြည်တော်သူ၊ ရွှေပြည်တော်သားတို့ အားအရှင်အစိုးရမင်းတို့၏ ကျေးဇူးနက်ကို ကွက်ကွက်ကွင်းကွင်း ထင်းလင်းဖော်ပြု၍အစရှိသဖြင့် ရှည်လျားစွာ ချီးကျူးဂုဏ်ပြုထားသည်ကို တွေ့ရပေသည်။ ထိုထိုကျေးဇူးတော်ဂုဏ်တော်တို့ကို ထောက်၍ သစ္စာတော်စောင့်သိရိုသေမှုမှ အစချီ၍ပင်လျှင် ပညာရှိပုဂ္ဂုလ်ကြီး အများပါဝင်သော ၎င်းဝိုင်အမ်ဘီအေ အသင်းကြီးသည် ဗမာလူမျိုးတို့အား နိုင်ငံရေးမျက်လုံးကို မသိမသာတစတစ ဖွင့်ပေးခဲ့သည်ကို ချီးကျူးရပေလိမ့်မည်။  

နိုင်ငံရေးဆိုသည်မှာ ဘုရင်ဧကရာဇ် အမှုထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ကိုယ်၏ရသင့်ရထိုက်သော အခွင့်အရေးကို ပြောဆိုခြင်း၊ တောင်းခံခြင်းနှင့် အရတိုင်ယူခြင်းပင်လျှင် ဖြစ်ရာ ၁၉၁၄- ခုမှ ၁၉၁၈- ခုနှစ်အတွင်း တိုက်ခိုက်ခဲ့သော ပထမကမ္ဘာစစ်ကြီးအတွင်း၌ ထိုသို့သောအခွင့်အရေးတို့ကို ရထိုက်ကြောင်း သောင်းသောင်းဖြဖြ နားလည်မှုရလာကြပေတော့သည်။
      
၁၈၉၈ တွင် အိန္ဒိယဘုရင်ခံချုပ်ကြီးလော့ရစ်ပွန်းက မြူနီစပယ်ဒေသန္တရ အုပ်ချုပ်ရေးများဖြင့် မြို့၊ ရွာ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးကို စတင်ကာပေးခဲ့ရာမှ အိန္ဒိယတိုင်းသားတို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို လိုလားခဲ့ကြသည်။ 

ပထမကမ္ဘာစစ်ကြီးတွင်လည်း အင်္ဂလိပ်တို့သည် ဂျာမနီ နှင့်တိုက်ရန် အိန္ဒိယတိုင်းရင်းသား စစ်တပ်အများအပြားကို ခေါ်ယူရလေရာ အိန္ဒိယအား ကိုယ်ပိုင်အုပ်ချုပ်ရေး တိုးတက်စေသင့်ကြောင်း စကားပြောဆို လာကြ၍ အိန္ဒိယအတွင်းဝန်းကြီးချုပ် မွန်တေဂူက ဘိလပ်ပါလီမန်တွင် အိန္ဒိယကို အုပ်ချုပ်ရေး တိုးတက်ပြုပြင်ပေမည်ဟု ကြေငြာပြီးနောက် ၁၀၁၇- ခုနှစ်တွင် အိန္ဒိယသို့လာတော့မည်ဟု သတင်းထွက်လာလေသည်။ ထိုအခါ တွင်ဗမာပြည်မှ ၀ိုင်အမ်ဘီအေအသင်းများသည် မိမိတို့အခွင့်အရေးကို လက်မလွှတ်ရအောင် ၁၉၁၇-ခုနှစ် ပျဉ်းမနာကွန်ဖရင့်က အောက်ပါဆုံးဖြစ်ချက်တခုကို ချမှတ်ခဲ့သည်။
   
ဆုံးဖြစ်ချက်အမှတ် ၁။  ။မကြာခင်ကာလအတွင်း အိန္ဒိယနိုင်ငံတော်ဆိုင်ရာ အတွင်းဝန်းကြီး မစ္စတာမွန်တေဂူသခင်သည် အိန္ဒိယနိုင်ငံတော်သို့ ကြွလာတော်မူသောအခါ မြန်မာပြပြည် ဗဒ္ဓဘာသာကလျာဏယုဝ အသင်းများဆိုင်ရာ အသင်းချုပ်လူကြီးကို အသင်းကိုယ်စားလှယ်အဖြစ်ဖြင့် အတွင်းဝန်းမင်းကြီးရှေ့တော်သို့ဝင်၍ ခရီးဦးကြိုး ပြုပြီးလျှင် တွေ့ဆုံးနှီးနှောရန် ဟင်္ဟာတမြီု့ ၀တ်လုံတော်ရမင်း  ဦးမြဦးက အကြံပေးသည်ကို မန္တလေးမြို့ ဗုဒ္ဓသာသနာပြုအသင်း ဥက္ကဌလူကြီး ဦးကျော်ရန်က ထောက်ခံသည့်အတိုင်း သဘောတူဆုံးဖြတ် အတည်ပြုသည်။

  ဦးဘတူး၊ ဦးဘဖေနှင့် မန္တလေးဦးစုတို့ကို အိန္ဒိယသို့ စေလွှတ်တောင်းဆိုခဲ့ကြရာ ဗမာပြည်အား သီးခြားအုပ်ချုပ်ရေး ပေးထိုက် သည်ဟု အတွင်းဝန်ကြီး မွန်တေဂူက ကတိပြုသဖြင့် အုပ်ချုပ်ရေးစည်းမျဉ်း အမျိုးမျိုးကိုရေးဆွဲထင်ပြကြလေသည်။

  အထက်မြန်မာပြည် ဘုရင်ခံ ကရက်ဒေါက်ကလည်း စည်းမျဉ်းတစ်ခုကိုရေးဆွဲ၍ ၀ိုင်အမ်ဘီအေအသင်းက ဘုရင်ခံ၏ စည်းမျဉ်းများသည် ရှိပြီးအခွင့်အရေးကိုပင်လျှင် ရုပ်သိမ်းရာရောက်သည်ဟု  စွပ်စွဲလျှက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။  

ဘုရင်ခံဆာရယ်ဂျိနယ်ကရက်ဒေါက်ကိုအတော်ကလေး လူမုးများသွားသည့်တိုင်အောင် ၀ိုင်အမ်ဘီအေနှင့် သူရိယသတင်းစာတို့က လှူံ့ဆော်သမှု ပြုလာကြသည်။  

၎င်းကိုပင် ဗမာနိုင်ငံရေးတွင် တော်လှန်မှူတရပ်တူ၍ မှန်တမ်းတင်ထိုက်ပေသည်။ 

 ဘုရင်ခံဆာရယ်ဂျိနယ် ကရက်ဒေါက်၏ လက်ထက်တွင် ပညာရေးကိုလည်း ချုပ်ချယ်သမျှ ချုပ်ချယ်လာခဲ့ရာ လာလကတ္တားယူနီဗာစီတီက ကျင်းပပေးသော မက်ထရစ် ကူလေးရှင်းစာမေးပွဲ ဖျက်သိမ်းမည်ဟု ကြော်ငြာ၏။  

ထို့ပြင် အစိုးရကျောင်းမှန်သမျှတွင် ကျောင်းအုပ်ကြီးဟူသမျှကို ဘိလပ်သားကိုသာ ခန့်ရမည်ဟု စီစဉ်၏။  

ပညာရေး၌ တိုင်းရင်းသားနှင့် ဥရောပတိုက်သားအခွင့်အရေးကိုခွဲထားလို၏။  

ထိုသို့ချုပ်ချယ်လာသည့်အလျောက် မော်လမြိုင် မြို့တွင် ဆဌမအကြိမ်ကျင်းပသော ၀ိုင်အမ်ဘီအေကွန်ဖရင်၌ ထိုအချက်များကို ကန့်ကွက်ကြောင်းဆုံးဖြစ်ပြီးလျှင် -နှစ်နှင့် ၁၂-နှစ် အရွယ်အတွင်း ကလေးသငယ်များကို ပညာမသင်မနေရ ဥပဒေတရပ်ပြုပေးဖို့ ပင်လျှင်တိုက်တွန်းတောင်းဆိုထားသည်မှာ အတော်အဆင့်အတန်းမြင့်သည်ဟု ဆိုရပေသည်။

အိန္ဒိယတွင် နိုင်ငံရေးလေ့လာခဲ့ပုံ

ဗမာနိုင်ငံရေး အလွန်နုနယ်သေးသော ခေတ်အခါအတွင်း ၁၉၀၂ ခုနှစ်တွင် အရှင်ဦးဥတ္တမသည် ကာလကတ္တား အမျိုးသားတက္ကသိုလ်ခု၌ ပါဋ္ဌိဘာသာ ပရော်ဆက်ဆာအဖြစ်နှင့် ဆောင်ရွက်နေခဲ့ရာ အိန္ဒိယအမျိုးသားတို့ နိုးကြားထကြွနေသော အဆင့်အတန်းကို တော်တော်ပင် လေ့လာမိပြီး ဖြစ်နေခဲ့ပြီး။
   
ထိုအချိန်က ကဗျာဆရာကြီး ဒေါက်တာရာဘင်ဒရာနတ်တဂိုးသည် အမျိုးသားများ ထကြွနိုးကြားမှု၌ လေးနက်သော စကားပိုဒ်ကလေးများကို တီထွင်ရေးသားဟောကြားခဲ့သည်။ 

 ခေါင်းဆောင်ကြီး မစ္စတာဘိလပ်ကိလောကမည တိလပ် ﴿ဟူ၍၎င်း၊ မစ္စတာဂန္ဒီအား မဟတ္တမန္ဒီဟူသောဘွဲ့အမည်များဖြင့်၎င်း၊ အိန္ဒိယ၏ယဉ်ကျေးမှု အဖူးအညွန့်ကလေးများပေါ်စေခဲ့လေသည်။ တဂိုး ကပင်လျှင် တကိုယ်ကောင်း မကျင့်ကြံနှင့်။  

တကိုယ်ကောင်းကျင့်ကြံက ကိုယ်ပင်ပျက်စီးရာ ပျက်စီးကြောင်းဖြစ်သည်ဟူ၍ လူငယ်များအား အမျိုးသားစိတ်ဓါတ်ကို သွင်းပေးခဲ့လေသည်။ ဆာစီပီရွိုင်းဆိုသော ပုဂ္ဂိုလ်ကြီးကလည်း ထိုအခါကာလကပင် အိန္ဒိယအမျိုးသားစိဓါတ်ရင့်သန်မှု စကားတလုံးကို သုံးစွဲခဲ့သည်။
  ထိုစကားမှာ "ငါတို့ကားကျွန်မျိုးမဟုတ်"ဟူ၏။  

ထိုစားများကို နာခံမှတ်သားလေ့လာခွင့်ရသော အရှင်ဥတ္တမမတွင် အမျိုးသားစိတ်ဓါတ်ကား အတောမသတိ ရင့်သန်ခာခဲ့လေသည်။
 မြန်မာစာပေများကိုလည်း လေးလေးနက်နက်မိမိရရ လော့သွားခဲ့သည်ဖြစ်သည်နှင့်အညီ တကိုယ်တောင်းကြံစည် လုပ်ကိုင်မှုဟူသမျှ ကို မူလကပင်ရွံ့မုန်းစက်ဆုပ်နေခဲ့ပြီးဖြစ်သည်ကို ကိုယ်တော်၏ အနစ်နာခံမှုများဖြင့်ပင် များစွာထင်ရှားလျက်ရှိခဲ့ပေ၏။